Subscribe
Add to Technorati Favourites
Add to del.icio.us

Friday, June 4, 2010

အလုပ်သမားသမဂ္ဂ ဖွဲ.စည်းခြင်း(သီတင်း)

အလုပ်သမား အခွင်. အရေး ကာကွယ်ဖို. သမဂ္ဂဖွဲ.
(ဂျွန်လ ၄ ရက် ၂၀၁၀ BBC နံနက်ပိုင်း သီတင်း)


မြန်မာ နိုင်ငံက စက်မှုဇုံ အလုပ် သမားတွေ ပူးပေါင်းပြီး မြန်မာ အမျိုးသား အလုပ် သမား သမဂ္ဂ တစ်ရပ် ကို ဖွဲ.စည်းထူထောင် လိုက်ကြပါတယ်။
အလုပ်သမားနဲ့ လယ်ယာ လုပ်သားတွေ အပါအဝင် အလုပ်သမားထုကြီး တစ်ရပ်လုံးရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို. ရည်ရွယ်ပြီး အခုလို ဖွဲ.စည်းရတာဖြစ်တယ်လို. အလုပ်သမားသမဂ္ဂရဲ့ဥပဒရေးရာ အကြံပေး ပုဂ္ဂိုလ် ရှေ.နေ ကိုဖိုးဖြူက ပြောပါတယ်။
အခု ဖွဲ.စည်းလိုက်တဲ့  အလုက်သမားသမဂ္ဂ ဟာ ILO အပြည်ပြည်ဆိုင်ရာ ကမ္ဘာ. အလုပ်သမား အဖွဲ.ချူပ်ရဲ. သဘော တူညီချက်မှာ ပါတဲ့ လွတ်လပ်စွာဖွဲ.စည်းခွင်. စည်းရုံးခွင်. နဲ. နိုင်ငံတကာ က သတ်မှတ်ထားတဲ့ အလုပ်သမား စံနှုံန်းစံထားတွေကို ပြည်တွင်း အလုပ်သမား ဥပဒေတွေထဲမှာ မြန်မာ အစိုးရက ထည်.သွင်း ပြဌာန်းပေးဖို့ တွန်းအား ပေးလိုတဲ့ ရည်ရွယ်ချက်နဲ.ဖွဲ.စည်းတာလဲဖြစ်ပါတယ်။
မြန်မာ အမျိုးသား အလုပ် သမား သမဂ္ဂ ကို မှတ်ပုံတင်ခွင်.ပေးဖို.အတွက် ဗိုလ်ချူပ်မှုးကြီး သန်းရွှေ ကိုလျှောက်ထားခဲ.တယ်လို.လဲ ရှေ.နေ ကိုဖိုးဖြူကပြောပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရကဖွဲ.စည်းပေးထားတဲ. အလုပ် သမား သမဂ္ဂ ရှိနေပြီးသားဖြစ်တဲ.အတွက် အခု သမဂ္ဂ ထပ်ဖွဲ.တာဟာ အစိုးရကိုစိန်ခေါ်တဲ.သဘော သက်ရောက်နေတာမို. ဖမ်းဆီးခံနိုင်တဲ. အန္တရာယ်ရှိတာကိုလဲ
မြန်မာ အလုပ်သမားသမဂ္ဂ မှာ ပါဝင်လှုပ်ရှားသူတွေက ကြိုတင်တွက်ဆထားကြပါတယ်။

0 comments: