Subscribe
Add to Technorati Favourites
Add to del.icio.us

Thursday, May 27, 2010

အင်အားသစ်နှင်. "ခေတ်သစ်ဗမာ"

ကောဇာသက္ကရာဇ် ၁၃၇၂ ခု နယုန်လပြည်.နေ.
ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်

"ခေတ်သစ်ဗမာ" ပြန်လည် နိုးထလာပါပြီ။
ကျွန်တော်တို. ဒီမိုကရေစီ အင်အားစု မောင်နှမ များကြိုးစားမွေးထုတ်ခဲ.သော "ခေတ်သစ်ဗမာ" အင်အားသစ်ဖြင်. ပြန်လည်နိုးထလာပါပြီ။
အခြေအနေ ကြောင်းအမျိုးမျိုး ကြောင်. အချိန်အတန်ကြာ "ခေတ်သစ်ဗမာ" ၏ စာမျက်နှာများ လှုပ်ရှားမှုကင်းမဲ.နေခဲ.ပါတယ်။
သေချာတာကတော. ကျွန်တော်တို.
-ကြောက်ရွံ.၍ ငြိမ်သက်နေခဲ.ခြင်း မဟုတ်ပါ။
-လက်လျှော.၍ ဘေးထွက်နေခြင်း မဟုတ်ပါ။
-အရှုံပေး အညံ.ခံလို၍ မဟုတ်ပါ။
"ခေတ်သစ်ဗမာ" စာမျက်နှာကို
(၁) စစ်အာဏာရှင်စံနစ် အပြီးတိုင် အမြစ်ပြတ် ချေမှုန်းရေး၊
(၂) ဒီမိုကရေစီရေး၊
(၃) ငြိမ်းချမ်းရေး၊
(၄) တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး။
ဤ မွန်မြတ်သော ရည်ရွယ်ချက်တို.ဖြင်. မွေးထုတ်ခဲ.ပါတယ်။ အခုလဲ အထက်ပါ မူလရည်ရွယ်ချက်လမ်းကြောင်း ကနေ မသွေဖီပဲ ပြန်လည် လှုပ်ရှားလာပါပြီ။
အမိဗမာပြည် ရဲ. တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအား အလုပ်အကျွေး ပြုလိုသည်. စေတနာမှန်ကြောင်.
"ခေတ်သစ်ဗမာ" ၏ ကြိုးစား စွမ်းဆောင်ချက်များ အုတ်တစ်ချပ် သဲတစ်ပွင်. ပမာဏဖြစ်စေကာမူ
"တို.ခေတ်ကို ရောက်ရမည်" မှာ မလွဲပါ
"ခေတ်သစ် ဗမာ" ပေါ်ပေါက် ရမည် မလွဲပါ
ဟု အပြည်.အဝယုံကြည်လျက်။

0 comments: