မဝေးသေးတဲ့ အတိတ် (၂၀၀၇) မှာ..
စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တဲ့..
ဓမ္မ၀ါဒီတွေ ရေးခဲ့တဲ့ သွေးသမိုင်း..။
နီစွေးစွေး အဲဒီသွေးတွေဟာ..
ထာဝစဉ် ရဲရဲတောက်နေသလို..
သာသနာရှည်သရွေ့ .. ကမ္ဘာတည်သရွေ့ ..
ဘယ်တော့မှ ခြောက်သွေ့မသွားဘူး..။
တောင်လိုပုံနေတဲ့..
ဓမ္မ၀ါဒီတွေရဲ့ အရိုးတွေဟာ..
အဓမ္မ၀ါဒီတွေကို..
တစ္ဆေပမာ ခြောက်လှန့်နေဆဲပဲ..။
အဓမ္မ၀ါဒီတွေဟာ..
ဓမ္မ၀ါဒီတွေရဲ့ မြင်ရတဲ့ ကိုယ်ခန္ဓာကို..
ဖမ်းဆီး.. ညှဉ်းပမ်း.. ထောင်ချ..
ပစ်ခတ်.. သတ်ဖြတ်လို့..
ရကောင်းရနိုင်မယ်..။
ဒါပေမဲ့ မမြင်အပ်တဲ့..
သူတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်..
ဓမ္မနဲ့.. ယုံကြည်ချက်ကိုတော့..
ဘယ်တော့မှ ဦးချိုးနိုင်မည်မဟုတ်..။
အဓမ္မ၀ါဒ-ကသာ..
ဓမ္မ၀ါဒ-ကို နိုင်စတမ်းဆိုရင်..
ယဉ်ကျေးတဲ့ ကမ္ဘာကြီး..
ပျက်စီးသွားမှာပေါ့..။
ရေးခဲ့တဲ့ သွေးသမိုင်း ရိုင်းသွားမှာပေါ့..။
ဒီတော့.. သွေးသမိုင်း မရိုင်းရအောင်…..။ ။
သကျကုလ
(ဓမ္မသည် အဓမ္မကို အောင်စမြဲ..၊ ရွှေဝါရောင် တော်လှန်ရေး အမှတ်တရ..)
(စက်တင်ဘာ ၈-ရက်၊ ၂၀၀၈)
Welcome
Table of Contents
မဟာဂန္ဓာရုံဆရာတော်
|
အမျိုးသာခေါင်းဆောင်

Have your say...!
သတင်းမီဒီယာများ
Blogger Friend
ယနေ့ရွှေဧည့်သည်
ရွှေဧည့်သည်များ တည်ရှိရာ
Categories-
Tuesday, September 9, 2008
သွေးသမိုင်း မရိုင်းရအောင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment