ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လပြည်.နေ.
ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်
လွန်ခဲ.သောနှစ်(၂၀) ကို ပြန်ပြောင်းကြည်.သော် ယနေ.သည် ကျွန်တော်တို. အပါအဝင် ဗမာ ပြည်သူတရပ်လုံး စစ်အာဏာရှင်တို.ချိန်ရွယ်ထားသော လှံစွပ်သေနပ်ပြောင်းများကြားမှ စစ်အာဏာရှင်စံနစ်လုံးဝ အလိုမရှိကြောင်း ရှင်းလင်းပြတ်သားစွာ ထုတ်ဖေါ်ပြသ ခဲ.သော သမိုင်းဝင် နေ. တစ်နေ.ဖြစ်သည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဆိုသည်မှာ ရင်ထဲက မဲဆန္ဒများကို ထုတ်ဖော်ပြသခြင်းအားဖြင့် ပြည်သူလူထုက ရှစ်လေးလုံး အရေးတော်ပုံကြီး၏ မပြီးပြတ်သေးသော ဒီမိုကရေစီရေးတိုက်ပွဲကို ဆက်လက်ဆင်နွှဲခဲ့ကြသည့် အကျိုးရလဒ်ပင် ဖြစ်သည်။
အနိုင်ရပါတီ ကို အာဏာလွှဲပေးပြီး စစ်တန်းလျား ပြန်မည်ဟု ကမ္ဘာသိ ကတိပြုပြောဆိုထားခဲ့သော စစ်အစိုးရသည် အနှစ်
(၂၀)ပြည့်သည့် ယနေ့ထက်တိုင် ထိုကတိအတိုင်း လုံးဝ ဆောင်ရွက်မပေးဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းများ ချိတ်
ပိတ်ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအပါအ၀င် ဒီမိုကရေစီအင်အားစုများအား မတရားဖမ်းဆီးထောင်ချခြင်း၊
အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခြင်းများကိုသာ ဗြောင်ကျကျ တလျှောက်လုံး ကျူးလွန်နေခဲ့ပါသည်။
ယခုဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ မတရားသည့် အမိန့်အာဏာများကို ထုတ်ပြန်ပြီး ပြည်သူလူထုက ရွေးချယ် ဆန္ဒပြုခဲ့သည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်အား တရားမ၀င် တဖက်သတ်ဖျက်သိမ်းခဲ့ပြန်သည်။ စစ်အစိုးရအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးခြင်း မပြုဘဲ ၂၀၀၈ စစ်ဖွဲ့စည်းပုံကို အသက်
သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲဆိုသည်ကို မကြာမီ ပြုလုပ်တော့မည်ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ စစ်တပ်ထဲမှ လက်တဆုပ်စာ ထိပ်သီးစစ်ဗိုလ်ချုပ်ကြီးများနှင့် ဆွေမျိုး အသိုင်းအ၀ိုင်းတစု၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်အာဏာရှင်စနစ် တရားဝင်ထာဝရ သက်ဆိုးရှည်စေရန် ဖိအား
ပေး အကွက်ချ ရေးဆွဲထားသည့် အရပ်သားမျက်နှာဖုံးစွပ် စစ်အုပ်ချုပ်ရေးဖွဲ့စည်းပုံသာဖြစ်သည်။
ဤဖွဲ့စည်းပုံသည် တိုင်းရင်းသား ပြည်သူတို့၏ အကျိုးစီးပွားနှင့် ဘ၀လုံခြုံမှုအတွက် အာမခံချက် လုံးဝ ကင်းမဲ့နေရုံသာမက၊
အတည်ပြုခဲ့ပုံမှာလည်း ပြည်သူများ သိန်းနှင့်ချီသေဆုံးကာ၊ သန်းနှင့်ချီ ဘေးဒုက္ခဆိုးကြီးကျရောက်နေသည့်ကြားက အာဏာ
မိုးမွှန်ပြီး အတင်းအဓမ္မအတည်ပြုခဲ့သည့် နာဂစ်ဖွဲ့စည်းပုံဖြစ်သည်ကို ပြည်သူအပေါင်းတို့ ကိုယ်တွေ့ပင် ဖြစ်ပေသည်။
မိမိတို့နိုင်ငံတွင် ထာဝရစစ်အုပ်ချုပ်ရေးကို တရားဝင်လိုင်စင်ရမသွားစေရေးအတွက် တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ပါတီများ နှင်. လက်တွဲ၍
၂၀၁၀ ရွေးကောက်ပွဲ အား ပြတ်ပြတ်သားသား သပိတ်မှောက်ဆန္ဒပြကြသည်.နည်းဖြင်. စစ်အာဏာရှင် စနစ် ဆန်.ကျင်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ညီညီညွတ်ညွတ် ပြသရန်အချိန်ရောက်ပြီဖြစ်သည်။
တိုင်းရင်းသားပြည်သူ ကျောင်းသားလူငယ်အပေါင်းတို.အနေဖြင်. မဲရုံများသို့ လုံးဝ မဲသွားမပေးခြင်းဖြင့်လည်းကောင်း၊ ကြိုတင်ဆန္ဒမဲဖြင့် လုံးဝ မဲမပေးခြင်းဖြင့်လည်းကောင်း
အာဏာ၊ ငွေကြေးဖြင့် ခြိမ်းခြောက်မြှူဆွယ် မဲပေးခိုင်းပါက ပယ်မဲဖြစ်အောင် ပြုလုပ်ပေးခြင်းဖြင့်လည်းကောင်း
၂၀၁၀ ရွေးကောက်ပွဲအား ပြတ်ပြတ်သားသား သပိတ်မှောက်ဆန္ဒပြကြ ခြင်းဖြင်. မိမိတို.၏ သမိုင်းပေးတာဝန်တစ်ရပ် ကို ကျေပွန်စွာ ထမ်းဆောင်ကြပါစို.
ပြည်သူ.ဆန္ဒအမှန် ပေါ် ပေါက်ရမည်။
Welcome
Table of Contents
မဟာဂန္ဓာရုံဆရာတော်
|
အမျိုးသာခေါင်းဆောင်

Have your say...!
သတင်းမီဒီယာများ
Blogger Friend
ယနေ့ရွှေဧည့်သည်
ရွှေဧည့်သည်များ တည်ရှိရာ
Categories-
Thursday, May 27, 2010
သမိုင်းတင်ခဲ.ပြီးသော ပြည်သူ.ဆန္ဒအမှန် (၁၉၉၀- ရွေးကောက်ပွဲ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment