လေဘာပါတီ နှစ်ပတ်လည် အစည်းအဝေ:တွင် မဝေနှင်းပွင့်သုန်မိန့်ခွန်း ပြောကြား
ဗြိတိန်နိုင်ငံရောက် မဝေနှင်းပွင့်သုန်က မန်ချက်စတာမြို့တွင် ပြုလုပ်သော လေဘာပါတီ နှစ်ပတ်လည် အစည်းအဝေးသို့ ယမန်နေ့က တက်ရောက်ပြီး မိန့်ခွန်း ပြောခွင့် ရခဲ့သည်။
ထိုမိန့်ခွန်းမှာ အလွန် ပြည့်စုံကောင်းမွန်ပြီး အစည်းအဝေးတက်ရောက်သူများ၊ အင်တာနက်မှ ကြည့်ရှုသူများ စိတ်ဝင်တစား နားထောင်ကြသော မိန့်ခွန်း ဖြစ်သည်။
ဗြိတိသျှ အင်္ဂလိပ် အသံထွက်ဖြင့် ပြောကြားသော ထိုမိန့်ခွန်းတွင် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ထိထိမိမိ ဖော်ပြသွားသည်။
မဝေနှင်းပွင့်သုန်၏ ဖခင် ကိုမြအေးသည် ၂၀၀၇ ခုနှစ်က အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရရာမှ မကြာသေးမီက ကယားပြည်နယ်၊ ရှမ်းပြည်နယ် ထောင်များသို့ ပို့ဆောင်ခံရသည်။ ကျန်းမာခြင်းမရှိဟု သိရသည်။
လေဘာပါတီ အစည်းအဝေး မိန့်ခွန်းပြောရာတွင် မဝေနှင်းပွင့်သုန်က ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခံထားရသော ဖခင်နှင့် လုပ်ဖော်ကိုင်ဘက် ၈၈ မျိုးဆက် ခေါင်းဆောင်များ အထိမ်းအမှတ် အဖြစ် အဖြူရောင် အင်္ကျီကို ၀တ်ဆင်ထားသည်။
၆ မိနစ်ကျော်ကြာ မိန့်ခွန်းကို ဘီဘီစီ သတင်းဌာနက တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။ (ဤနေရာ http://enigmaimages.wordpress.com/2010/09/27/waihnin-pwint-thon-speaks-for-burma-and-political-prisoners-at-the-uk-labour-party-conference/ တွင် ကြည့်ရှုနိုင်သည်)
ဗြိတိန် အစိုးရ၏ နိုင်ငံခြားရေးနှင့် ဓနသဟာယဆိုင်ရာရုံး (FCO)က စီစဉ်သည့် ၆ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်တခုတွင်လည်း မဝေနှင်းပွင့်သုန် အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားကြောင်း တွေ့ရသည်။ My Burma, My Voice: Waihnin's Story ဟု အမည်ပေးထားသည့် ထိုမှတ်တမ်းကို http://www.youtube.com/watch?v=gfzylYuz62Q&feature=related တွင် တွေ့နိုင်သည်။
မဝေနှင်းပွင့်သုန်သည် BCUK ခေါ် မြန်မာ့အရေးလှုပ်ရှားသည့် Burma Campaign UK တွင် တာဝန်ယူ လုပ်ကိုင်နေသည်။
Welcome
Table of Contents
မဟာဂန္ဓာရုံဆရာတော်
|
အမျိုးသာခေါင်းဆောင်

Have your say...!
သတင်းမီဒီယာများ
Blogger Friend
ယနေ့ရွှေဧည့်သည်
ရွှေဧည့်သည်များ တည်ရှိရာ
Categories-
Thursday, September 30, 2010
ဝေနှင်းပွင့်သုန် (နိုင်ငံရေးအကျဉ်းသား ကိုမြအေး သမီး) ရဲ့ အမှာစကား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment