မိုးအောင်တင် | ဇွန် ၂၇၊ ၂၀၀၈
မေလကုန်ခါနီးနှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် အနုပညာရှင်များ ခေါ်ယူစစ်မေးခြင်း ဖမ်းဆီး ခြင်း ခံနေရသည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် သီတင်း ၂ ပတ်ကျော်၌ ပြည်တွင်း ပုဂ္ဂလိက သတင်းဂျာနယ် များတွင် အနုပညာရှင်များအား ဆက်သွယ်မေးမြန်းပြီး ယခုလိုထွက်ပေါ်ခဲ့သည့် ကောလာဟလ သတင်းများ မှန်ကန်မှုမရှိ ကြောင်း ရှင်းလင်းပြောဆိုချက်များအား ဖေါ်ပြထားသည်ကို တွေ့ရသည်။
ဇွန်လ ၁၈ ရက်နေ့ နေ့စွဲဖြင့် ထုတ်ဝေသော Weekly Eleven ဂျာနယ်တွင် သရုပ်ဆောင် နန္ဒာလှိုင်နှင့် တွေ့ဆုံ မေးမြန်း ရာတွင် လတ်တလောပြောဆိုနေကြသည့် မူးယစ်ဆေးသုံး စွဲသည့် ကိစ္စနှင့်ပတ်သက်ပြီး နန္ဒာလှိုင်က “အဖြေမှန်မပေါ် သေးခင်တော့ ဂယက်ဆိုတာရှိမှာပါ။ အဲဒီကိစ္စ ကအချိန်တန် ရင် အဖြေမှန်ပေါ်လာမှာပါ။ အဲဒီ အခါ ပရိသတ်တွေလည်း သိသွားမှာပါ။ အကုန်လုံးကိုယ်စား ဘာမှမပြောလိုပါဘူး” ဟုဖြေဆိုသည်ကို ဖေါ်ပြ ထားသည်။
ထို့အတူ ယခုတပတ်ထုတ် ဆဲဗင်းဒေးစ် သတင်းဂျာနယ်၊ News Watch သတင်းဂျာနယ် စသည်တို့တွင်လည်း မူးယစ်ဆေး သုံးစွဲမှုကြောင့် ခေါ်ယူစစ်မေးခြင်းခံခဲ့ရသည့် အနုပညာရှင်တချို့ကို ဆက်သွယ်မေးမြန်းကာ ဖြေဆိုချက် များကို ဖေါ်ပြခဲ့ကြ သည်။
ဂျာနယ်ဖတ်သူ အိမ်ရှင်မ တဦးကမူ “ကျမကတော့ ဂျာနယ် ထဲမှာ ရေးထားတဲ့ ဘာမှ မဖြစ်ပါဘူးဆိုတာကို သိပ် မယုံဘူး။ လူတွေ အားလုံးသိနေကြတဲ့ ကိစ္စကို ဘာမှမဖြစ်သလို ပြန်ဖြေတဲ့အတိုင်းရေးထားတော့ နောက်ကွယ် မှာ အကြောင်း တခုခုကြောင့် အမှန်အတိုင်း မဖြေတာ၊ မဖေါ်ပြတာလို့ဘဲ ထင်တယ်” ဟုပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာ တဦးက''သတင်းမှန်ကို ရေးခွင့်မရဘဲ နအဖ အစိုးရက ပုံဖေါ်တဲ့ဖြစ်စဉ်အတိုင်း ဖေါ်ပြကြရတာဟာ သတင်းစာဆိုင်ရာ ကျင့်ဝတ်နဲ့မညီပါဘူး။ အဖြစ် မှန်က ရုပ်ရှင် သရုပ်ဆောင် တချို့ကို ပြန်ကြားရေးဝန်ကြီးက ၀ါဒဖြန့်ကားတွေ ရိုက်လက်စ ရှိနေတာကြောင့် အရေးမယူဖို့ အာမခံပြီး လွှတ်စေလိုက် တာ၊ အဲဒီအနုပညာရှင်တွေလည်း ပြန်ကြားရေးဝန်ကြီးရဲ့ အာမခံမှု အပေါ်နောက်နောင် ၀ါဒဖြန့်ဇာတ်လမ်းနဲ့ သီချင်းတွေ ရိုက်ပေးရ ဆိုပေးရ ဦးမှာပါ။ ဒီအဖြစ်ကို ဖုံးကွယ်ပြီး ရေးသားဖေါ်ပြတဲ့ ဟာတွေက စာဖတ်သူကို လှည့်ဖြား သလို ဖြစ်စေ တယ်၊ အမှန်ကို ရေးသားခွင့်မရရင် အဲဒီလိုသတင်းမျိုးကို မဖေါ်ပြဘဲ လက်ရှောင်သင့်ပါတယ်” ဟု ဝေဖန် ပြောဆိုသည်။
မေလကုန်နှင့် ဇွန်လဆန်းတွင် မကြာမီရက်ပိုင်းကမှ ရာထူးမှဖယ်ရှားခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်၊ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်၊ သရုပ်ဆောင် နန္ဒာလှိုင်၏ ညီမဖြစ်သူ နွေးနွေးလှိုင်နှင့် သရုပ်ဆောင် အဆိုတော် အများအပြား မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး မေးမြန်း ခြင်းခံရသည့်သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်ခဲ့သည်။
သို့သော် နအဖ အစိုးရအရာရှိကြီးများ ၏ သားသမီးများနှင့် ပတ်သက်နေသဖြင့် တရားဝင်ထုတ်ပြန်ခြင်း မပြုသောကြောင့် အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်ပြီး ယခုလို ပြည်တွင်း ပုဂ္ဂလိက မီဒီယာများတွင် ဖြေရှင်းချက်များကိုသာ ဖေါ်ပြခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
Welcome
Table of Contents
မဟာဂန္ဓာရုံဆရာတော်
|
အမျိုးသာခေါင်းဆောင်

Have your say...!
သတင်းမီဒီယာများ
Blogger Friend
ယနေ့ရွှေဧည့်သည်
ရွှေဧည့်သည်များ တည်ရှိရာ
Categories-
Saturday, June 28, 2008
မူးယစ်ဆေးမှု သတင်းပြေးနေသော အနုပညာရှင်များ ပုဂ္ဂလိကဂျာနယ်များတွင် ငြင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment